Pages

Pages

ရွှေကျင်မြို့တွင် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ





MNP - မေ   ၂၂


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြိုကာလတွင် ဓမ္မဗျူဟာသာသနမာမကအဖွဲ့ သင်တန်းကျောင်းဝင်းအတွင်း၌ သစ်တောသစ်ပင်များ စိန်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုး ပွဲတော်ကို ယမန်နေ့ နံနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


ရွှေကျင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင်စေရန် ကျွန်းပျိုးပင်(၅၀)ပင်နှင့် မန်ဂျန်ရှားပျိုးပင်(၅၀)ပင် စုစုပေါင်းပျိုးပင်(၁၀၀)ကို စိုက်ပျိုး ခဲ့ကြသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ရွှေကျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သစ်တောဦးစီးဌာမှ ဝန်ထမ်းများ စုစုပေါင်းတက်ရောက် အင်အား(၄၀)ဦးခန့်က မိုးရာသီအကြို ရေလောင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


သတင်း - ထွန်းထွန်းဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment