ပေါင်းတည်မြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေး


MNP - မေ   ၂၄


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးက မိုးရာသီအကြိုသစ်ပင် စိုက်ပျိုးမှုကိုလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဆရာဝန်ကြီးက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲ စစ်ဆောင်ရွက်ခြင်းနှင့် ဝမ်းပျက်၊ ဝမ်းလျောရောဂါကြိုတင် ကာကွယ်ရေးဆောင်ရွက်မှုကို လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့အမှု ဆောင်အရာရှိက မြို့တွင်းရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးမှူးက ပန်းခင်းစီမံချက် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း အသီးသီးတင်ပြ ဆွေးနွေးခဲ့သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဌာနဆိုင်များ၏ တင်ပြချက်များအရ မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် သစ်ပင်စိုက်ပွဲတော် ပြုလုပ်ရန်နှင့် စိုက်သည့်သစ်ပင်ရှင်သန်ရေးဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေး၊ ဝမ်းပျက်၊ ဝမ်လျောရောဂါကြိုတင် ကာကွယ်ရေးဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့် စုပေါင်းဆောင်ရွက်ရန်၊ စည်ပင်သာယာရေးနှင့် ဆည်မြောင်းဦးစီးဌာနပူးပေါင်းပြီး မြို့တွင်းရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများအနေဖြင့် ဝန်ထမ်းတစ်ဦးချင်း၏ လုံခြုံရေး၊ ရုံးလုံခြုံရေးဂရုစိုက်ရန်၊ ၂၀၂၂-၂၀၂၃ ဘတ်ဂျက်ဌာန ဆိုင်ရာများ လုပ်ငန်းများဆောင်ရွက်ထားရှိမှု တင်ပြပေးရန်၊ မီးသတ်ဦးစီးဌာနအနေဖြင့် သစ်ပင်သစ်ကိုင်းလဲကျသည်နှင့် ချက်ခြင်းရှင်းလင်းနိုင်ရေး၊ မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဌာနအနေဖြင့် လျှပ်စစ်ကြွေးကျန်မရှိရေးတို့ကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း  - အေးအေးဆင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)