Pages

Pages

အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး



MNP - မေ  ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် ဒေသန္တရ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် မွေးဖွားပြီး (၁)လမှစ၍ အသက်(၇)နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိသည်။


ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားနေသောကာလအတွင်း ခေတ္တရပ်နားခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို လုပ်ငန်းများစတင်ရာ၌ ပုံမှန်ကလေးငယ်များ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြန်လည်စတင်ခဲ့ပြီး ယနေ့တိုင်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


ကာကွယ်ဆေးများဖြစ်သော ဆုံဆို့နာရောဂါ၊ ကြက်ညှာရောဂါ၊ ချောင်းဆိုးရောဂါနှင့် မေးခိုင်ရောဂါ များအတွက် ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်းမာရေးကို ဖြစ်မှကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်သဖြင့် ယခုလိုဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဒုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ပြောကြားခဲ့သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment