ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟင်္သာတမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန်မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဟင်္သာတမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ လမ်းညွှန်မှာကြား

 



MNP - မေ   ၂၅


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အတူ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ ယမန်နေ့ ညနေပိုင်းက ဟင်္သာတမြို့နယ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးသို့ တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။


ဝန်ကြီးချုပ်က လုပ်ငန်းလမ်းညွှန်ရာတွင် "ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ဇလွန်မြို့နယ်ကစ၍ သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် မိုးဦးကျ လေဦးကျတွင် တွေ့ရှိတတ်သော ရောဂါဖြစ်ပြီး ယခုနှစ်တွင် မိုးလေဝသအခြေအနေကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း၊ မိုးတိုင်းဒဏ်အငွေ့အသက်နှင့် မိုးကြီး၊ ရေကြီးသည့်ဒဏ်ကြောင့် သဘာဝဘေးနှင့် ဆက်စပ်သည့် ဖြစ်လေ့ဖြစ်ထရှိသည့် ဝမ်းရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အခြားသော ရောဂါများလည်း ဝင်ရောက်တတ်ကြောင်း သွေးလွန်တုပ်ကွေးရောဂါ ဆက်လက်ဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လျှင်မြန်သွက်လက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်သည့် ခြင်သည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည့်အတွက် ရေစီးရေလာကောင်းမွန်ရေး၊ ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်တကျ ဆောင်ရွက်ရေးကို ကျန်းမာရေးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိမှုနှုန်း နည်းပါးခဲ့သော်လည်း မကြာခင် စာသင်ကျောင်းများ ဖွင့်လှစ်တော့မည် ဖြစ်သည့်အတွက် ချုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းတူးဖော်ဆယ်ယူခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်တကျ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လုပ်လို့ရသည့် အရာများကို နေ့ရက်၊ အချိန်မဆိုင်းဘဲ သိသည်နှင့်တစ်ပြိုင်နက် ဆောင်ရွက်ရန်လိုအပ်ကြောင်း" လမ်းညွှန်မှာကြားခဲ့ပါသည်။


ထို့နောက် ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညီညီလွင်က သွေးလွန်တုတ်ကွေးရောဂါသည် ပုံမှန်အားဖြင့် ၃ နှစ်တစ်ကြိမ် တွေ့ကြုံရလေ့ရှိသည့် ရောဂါပိုးတစ်မျိုးဖြစ်ကြောင်း၊ မြို့ပြနှင့်ကျေးလက်တွင် မြို့ပြတွင် အဖြစ်များသော်လည်း ယနေ့တွင်မူ ကျေးလက်၊ မြို့ပြမခွဲခြားဘဲ တွေ့ကြုံလာပြီဖြစ်ကြောင်း၊ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကိုလည်း ကျန်းမာရေးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ မိုးတွင်းကာလတစ်လျှောက်လုံး ရေဝပ်နေရာများ မရှိစေရေး၊ ရပ်ကွက်၊ ကျေးရွာများ၊ စာသင်ကျောင်းများတွင် ပိုးလောက်လန်းသေစေသည့် (Abate) အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အပတ်စဉ်၊ နေ့စဉ် တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ ပုံမှန်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)