စဉ့်ကိုင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်

 



MNP - မေ   ၂၅


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ယနေနံနက် ၉ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


အသပက်မွေးဝမ်းကြောင်း အထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းတွင်  အမျိုးသမီးဝတ် ရင်စေ့အင်္ကျီ၊ ရင်ဖုံးင်္ကျီ၊ အမျိုးသားရှပ်င်္ကျီ၊ သဘော်သားအင်္ကျီ၊ဇာခြင်ထောင်ချုပ် နည်းများကို ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ  အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ခြင်း၊ အခြေခံစက်ချုပ်သင်တန်း တတ်မြောက်ခြင်းအားဖြင့် မိမိနေအိမ်တွင်တစ်နိုင်တစ်ပိုင်စက်ချုပ်ဆိုင်ဖွင့်လှစ်နိုင်ခြင်း တစ်ဖက်တစ်လမ်းမှလည်း အပိုဝင်ငွေရရှိနိုင်ခြင်း၊ နေအိမ်နှင့် အိုးမကွာအိမ်မကွာဆောင်ရွက်နိုင်သည့်အတွက် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊  မြို့နယ်ဦးစီးမှူးဒေါ်ခင်မာစန်းထံမှ သိရသည်။


သတင်း - ဝင်းဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)