၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား သီပေါတွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား သီပေါတွင် ကျင်းပ




MNP - မေ   ၂၁


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် သစ်တောဦးစီးဌာနမှသဘာဝ ဘေးအန္တရာယ်များလျော့ပါးပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ခံစားရရှိစေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မြို့ဟောင်းကျေးရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုဝင်းအတွင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဇမ်ဆွမ်းခိုင်က စိုက်ပျိုးမည့်သစ်ပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့ပြီးနောက် သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


အဆိုပါ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ရွာသူရွာသားများ စုစုပေါင်းအင်အား (၁၅၀) ဦးခန့်တက်ရောက်၍ မယ်ဇလီ (၇၅) ပင်၊ ယမနေ (၇၀) ပင်၊ စိန်ပန်းနီ (၇၀)ပင်၊ စိန်ပန်းပြာ (၁၀) ပင်၊ ကျွန်း(၇၅)ပင် စုစုပေါင်းသစ်ပင် (၃၀၀) ပင်ကို  စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းနှင့် သီပေါမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်နှင့် သစ်ပင်စိုက်ပျိုးလိုသော ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များအား အခမဲ့ဖြန့်ဝေပေးရန်နှင့် သစ်ပင်စိုက်ကွင်းများ၊ သစ်တောကြိုးဝိုင်းများတွင် စိုက်ပျိုးရန်ပျိုးဥယျာဉ် (၃) နေရာတို့တွင် ပျိုးပင်ပေါင်း (၁၃၂၇၀၀) ပင်တို့ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


သတင်း - ခင်လေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)