Pages

Pages

အုတ်ဖိုမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး




MNP - မေ   ၂၅


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သစ်တောဦးစီးဌာနက ကြီးမှူး၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက အုတ်ဖိုမြို့၊ ဂမုန်းကြိုးဝိုင်း၊ အကွက်အမှတ်(၂၃/၂၈)စိုက်ကွင်း၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


အုတ်ဖိုမြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတု မျှတကောင်းမွန်စေရန်အတွက် ကျွန်းပင်(၆၀၀)ပင်ကို ဒေသခံပြည်သူများနှင့် သစ်တောဝန်ထမ်းအင်အား စုစုပေါင်း(၇၀)ဦးခန့်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment