မဘိမ်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဘိမ်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ



MNP - မေ   ၂၂        


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေရန်၊ သစ်တော ပြုန်းတီးမှုများ မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများက ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရွှေဂေါ်တာဘုန်းကြီးကျောင်းဝန်းအတွင်း၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။  


အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇာနည်မောင်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုမျိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ရွှေဂေါ်တာဘုန်းကြီးကျောင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ကျွန်း ၂၅၀ ပင်၊ ပိတောက် ၂၀၀ ပင်၊ လျှော်ဖြူ ၁၀၀ ပင်၊ မန်ဂျန်ရှား ၁၅၀ ပင်နှင့် စိန်ပန်းပြာ ၅၀ ပင်၊ စုစုပေါင်းပျိုးပင် ၇၅၀ ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။       


သတင်း - မျိုးမင်း 


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)