MNP - မေ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ နေရပ်သို့ပြန်လာကြသည့် မြန်မာနိုင်ငံသားများကို Quarantine ထားရှိရာမှ ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သဖြင့် မိမိနေရပ်အသီးသီးသို့ ယနေ့ နံနက် ၁၁ နာရီက ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နေရပ်ပြန်များသည် မတ်(၂၄)ရက်နေ့က ချစ်ကြည်ရေးတံတား(၂)မှ ပြန်လည် ဝင်ရောက်လာကြသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား အမျိုးသား(၁၄၈)ဦး၊ အမျိုးသမီး(၄၈)ဦး စုစုပေါင်း(၁၉၆ )ဦးတို့ကို စံလင်းဖြိုး Quarantine Centre တွင်(၇)ရက်ထားရှိပြီး ကိုဗစ်- ၁၉ ရောဂါနှင့်ဗီဇပြောင်း အိုမီခရွန် ကူးစက်မှု ရှိ/မရှိ ပြန်လည် စစ်ဆေးခဲ့ရာတွင် အားလုံးရောဂါပိုးကင်းစင်ကြောင်းတွေ့ရှိရသဖြင့် ယခုကဲ့သို့ပြန်လည် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
နေရပ်ပြန်များတွင် ရှမ်း(အရှေ့)မှ ကျားမပေါင်း(၁၃၈)ဦး၊ ရှမ်း( ောင်)မှကျားမပေါင်း (၄၄)ဦးနှင့်အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ(၁၄)ဦးဖြစ်ကြောင်း၊ နေရပ်ပြန်များကို မြို့နယ်ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများက တွေ့ဆုံပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းက စားသောက်စရိတ်နှင့် အုပ်ချုပ်မှုကိစ္စရပ်များကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သတင်း - ယာဆေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment