Pages

Pages

ပုဇွန်တောင်မြို့နယ်တွင် မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှု ရှိစေရေးအတွက် သန့်ရှင်းရေးဆောင်ရွက်



MNP - မေ   ၂၄


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း  မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှုရှိစေရေးအတွက်   စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် အမှတ်(၁)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းနှင့် အမှတ်(၉) ရပ်ကွက်၊ သိမ်ဖြူ လမ်းတို့တွင် မြို့နယ် EO ရုံးမှ AEO ဦးဆောင်၍   မြို့နယ်စည်ပင် သာယာဝန်ထမ်းများမှ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မကြာမီ မိုးတွင်းကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများမဖြစ်ပေါ်စေရေး၊ မြို့နယ်အတွင်း သန့်ရှင်းသာယာ သပ်ရပ်စေရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြောင်းများအတွင်း ခြင်နှင့်ယင်များ ပေါက်ပွားမှုမရှိစေရေး အတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေမြောင်းများ ရှင်းလင်းခြင်း၊ ရေမြောင်းအတွင်း ပိတ်ဆို့နေသည်များ ဖယ်ထုတ်ခြင်း၊ ထွက်ရှိလာသော ပိတ်ဆို့အမှိုက်များ ဆယ်ယူခြင်း၊ အမြင်မတင့်တယ်သော အမှိုက်နှင့် မြက်ပင်၊ ချုံနွယ်ပင်များအား ရှင်းလင်းဆောင်ရွက်ခြင်းနှင့် အမှိုက်များကို မော်တော်ယာဉ်ဖြင့် စနစ်တကျတစ်ပါတည်း သိမ်းဆည်းစွန့်ပစ်ခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment