Pages

Pages

မွန်ပြည်နယ်ဝန်ကြီးချုပ် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက် ဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှု





MNP - မေ   ၂၁


မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် သံလွင်မြစ်ကမ်းအနီး သဘာဝဘေးအန္တရာယ် ပေါ်ပေါက်ပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက် ဆောင်ရွက်မှုကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ကြည့်ရှုခဲ့ကြောင်း သိရသည်။


သံလွင်မြစ်ကမ်းအနီးတွင် သဘာဝဘေးအန္တရာယ်ပေါ်ပေါက်ပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များ၏ ဇာတ်တိုက် လေ့ကျင့်မှုများကို ကြည့်ရှုကာ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဂိုဒေါင် အတွင်း ကယ်ဆယ်ရေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ၊ အရေးပေါ် စားနပ်ရိက္ခာများ ထိန်းသိမ်းသိုလှောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အခြေခံစားသောက်ကုန်များကို အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံးဖြန့်ဝေနိုင်ရေးအတွက်စနစ်တကျဆောင်ရွက်ရန်၊ မိုးရာသီကာလတွင် သဘာဝဘေး ဖြစ်ပေါ်တတ်သည့် မြို့နယ်များအတွင်း ဘေးအန္တရာယ် ဆိုင်ရာ ကြိုတင် ကာကွယ်ရေးစီမံချက်ရေးဆွဲပြီး စနစ်တကျ စုဖွဲ့ထားရှိရန် မှာကြားကြောင်း သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment