မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်များ ဖြန့်ဝေ

 



MNP - မေ   ၂၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် KG၊ Grade-1 မှ Grade-11 အထိ ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ခေါင်းလောင်းဆောင်နေရာ၌ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးညွှန်းတန်းစာအုပ်နှင့် ဗလာစာအုပ်များကို မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများကို ကျောင်းဖွင့်ချိန် အမီထုတ်ပေးလျက်ရှိပြီး KG၊ Grade-1 မှ Grade-11 အထိ ကျောင်းသား/ကျောင်းသူတစ်ဦးလျှင် သင်ရိုးညွှန်းတန်းဖတ်စာအုပ်တစ်စုံနှင့် ကျောင်းသုံးဗလာစာအုပ် တစ်ဒါဇင်စီကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မိုးနဲမြို့နယ်တွင် ‌ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းအပါအဝင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း ၄၇ ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - မျိုးညွန့်ရွှေ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)