MNP - မေ ၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအ တွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ် မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Phase 9 (ဒုတိယအကြိမ်)ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Phase 9(ဒုတိယအကြိမ်)ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက်၉နာရီမှစ၍ မြို့မဇုံမှ (၁၀၉)ဦး၊ မြို့သာဇုံမှ (၈၉)ဦး၊ ငါန်းမြာဇုံမှ (၇၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၈၉)ဦး၊ သားကျင်ဇုံမှ (၁၃၉)ဦး၊ ဂျိုဇုံမှ (၉၇)ဦး၊ သံဘိုဇုံမှ (၄၅)ဦး၊ ရေလည်သောင်ဇုံမှ (၈၅)ဦးနှင့် ကုလားရွာဇုံမှ (၇၃)ဦး စုစုပေါင်း (၈၀၁)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ မေ ၉ရက်နေ့မှ ၂၄ရက်နေ့အထိ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ Phase 9 (ဒုတိယအကြိမ်) တွင်(၂၃၇၁)ဦး ထိုးနှံပြီးကြောင်း မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
သတင်း - သက်နောင်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment