MNP - မေ ၂၁
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် နိုင်ငံတစ်ဝန်းအကူအညီ လိုအပ်သူများအတွက် လူမှုကရုဏာအကူအညီများပေးရာတွင် ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီလျက်ရှိရာ ယမန်နေ့ရက်မွန်းလွဲ ၁ နာရခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ အမျိုးသား/အမျိုးသမီး တစ်ကိုယ်ရေသုံးပစ္စည်းများကို ကန့်ဘလူမြို့မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကူညီထောက်ပံ့ပေးအပ်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးဒေါ်အေးအေးငြိမ်း ဦးဆောင်သော ဝန်ထမ်း (၈) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကြက်ခြေနီ စေတနာလုပ်အားရှင် (၄) ဦးနှင့် ကန့်ဘလူမြို့နယ်ကြက်ခြေနီအသင်းမှ (၃) ဦးတို့က ကန့်ဘလူ မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာလာသူ အိမ်ထောင်စု ၁၃၂ စုတို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်၊ တစ်ကိုယ်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီး /အမျိုးသား တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ မိုးကာ၊ လက်သမားသုံးအိမ် ဆောက်ပစ္စည်းများနှင့် တာပေါ်လင်စသည့်ပစ္စည်းများကို အိမ်ထောင်စုတစ်စုချင်းအလိုက် ကူညီထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - အောင်ဝင်းငြိမ်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment