MNP - မေ ၂၆
မေလ ၂၆ ရက်၊ ယနေ့ နံနက်ပိုင်းကစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအားလုံး ကျောင်းအပ်စတင် လက်ခံနေပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။
ကျောင်းအပ်လက်ခံရာ၌ အသက် ၅ နှစ် အရွယ်ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရမည်ဖြစ်ပြီး၊ ၆ နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရမည်ဖြစ်ပြီး၊ KG တန်းမှ Grade-11 ထိ ယနေ့မှစတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။ ကျောင်းအပ်ရာတွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုဘဲ၊ ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်၊ ကျောင်းသားဗလာစာအုပ်နှင့် စာရေးကရိယာများကို အခမဲ့ထုတ်ပေးခဲ့သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပေါက်ခေါင်းမြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်း (၂၁၇) ကျောင်း၌ ကျောင်းအပ်လက်ခံပြီး၊ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment