ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံ

MNP - မေ   ၂၆


မေလ ၂၆ ရက်၊ ယနေ့ နံနက်ပိုင်းကစတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအားလုံး ကျောင်းအပ်စတင် လက်ခံနေပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။


ကျောင်းအပ်လက်ခံရာ၌ အသက်  ၅ နှစ် အရွယ်ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရမည်ဖြစ်ပြီး၊ ၆ နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1) သို့ အပ်နှံရမည်ဖြစ်ပြီး၊ KG တန်းမှ Grade-11 ထိ ယနေ့မှစတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။ ကျောင်းအပ်ရာတွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုဘဲ၊ ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်၊ ကျောင်းသားဗလာစာအုပ်နှင့် စာရေးကရိယာများကို အခမဲ့ထုတ်ပေးခဲ့သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပေါက်ခေါင်းမြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်း (၂၁၇) ကျောင်း၌ ကျောင်းအပ်လက်ခံပြီး၊ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)