Pages

Pages

ဂွမြို့ မကျေးငူကျေးရွာအုပ်စုနှင့် တောင်ပေါက်ကျေးရွာအုပ်စု အကြား ပင်လယ်ကမ်းခြေတစ်လျှောက်တွင် ပုပ်ပွသေဆုံးနေသည့် လူသေအလောင်း(၁၀)လောင်း ထပ်မံတွေ့ရှိ


MNP ၊ မေ  ၂၆

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ပင်လယ်ကမ်းခြေတစ်လျှောက် လူသေအလောင်းများ တင်ကျန်ခြင်းရှိ/မရှိ ဒုရဲမှူး သူရိန်မင်းထက်ဦးစီးသော တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က  မကျေးငူကျေးရွာအုပ်စုနှင့် တောင်ပေါက်ကျေးရွာအုပ်စု အကြား ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ညနေပိုင်းအထိ  သွားရောက်စစ်ဆေးခဲ့ရာ ပုပ်ပွသေဆုံးနေသည့် လူသေအလောင်း(၁၀)လောင်းအား  ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ်းခြေတစ်လျှောက်တွင် အမည်မသိ ပုပ်ပွပျက်စီးနေသည့် ကလေးအလောင်းဟုယူဆသည့် (မ)အလောင်း ၄လောင်း၊ အမျိုးသားအလောင်း ၅လောင်း၊ အမျိုးသမီးအလောင်း ၁လောင်း စုစုပေါင်း (ကျား) အလောင်း ၅လောင်းနှင့် (မ)အလောင်း၅လောင်းတို့ကို ငါးကိုက် ဒဏ်ရာများဟုယူဆသည့် ဒဏ်ရာများနှင့်အတူ ကျေးရွာပင်လယ်ကမ်းစပ်များနှင့် ကျောက်ဘောင်းစောက် ကျောက်ဆောင်များကြားတွင်  ပုပ်ပွ ပျက်စီး သေဆုံးနေကြောင်းကို စစ်ဆေးတွေ့ရှိရသည်။ အဆိုပါ အလောင်းများအား ဆေးစာရေးသားပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်းနှင့် အမည်မသိ အလောင်းများနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေး ဆောင်ရွက်နိုင်ရန်အတွက် သေမှုသေခင်း ရေးဖွင့် ဆောင်ရွက်ထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။


သတင်း - မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment