ဖားဆောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားဆောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

 


MNP - မေ   ၁၇


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့်ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်ကမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သူနာပြု(၁)ဒေါ်သက်သက်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ သံဓါတ်အားဆေးများပေးခြင်း၊ သွေးအားနည်းခြင်းရှိ/ မရှိစစ်ဆေးပေးခြင်း၊ ဆစ်ဖလစ်ရောဂါအတွက်သွေးစစ်ပေးခြင်း၊ တီဘီရောဂါလက္ခဏာရှိ/မရှိမေးမြန်းခြင်း၊ သွေးပေါင်ချိန်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ ဗီတာမင်ဘီဝမ်းဆေးပြားများပေးခြင်း၊ မွေးဖွားခါနီးလက္ခဏာများအားအသိပေးခြင်း၊ မွေးဖွားမည့်ခန့်မှန်းရက်ထက် တစ်ပတ်ကျော်ပါက ကျန်းမာရေးဌာနသို့ လာရောက်ပြသရန်အကြံပြုခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။


အလားတူအသက်(၁)နှစ်အောက်ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ပိုလီယို၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်ဂျိုက်သိုးစသည့် ကာကွယ်ဆေးများအား ထိုးနှံတိုက်ကျွေးခဲ့ကြကြောင်းနှင့် အဆိုပါပုံမှန်ကာကွယ်ဆေးများကို သတ်မှတ်ထားသောအကြိမ်၊ သတ်မှတ်ထားသောအသက်အရွယ်တွင် ဆေးထိုးဆေးတိုက်ပေးခြင်းများပြုလုပ်ပေးနိုင်မှသာလျှင် အထက်ပါရောဂါပိုးများမှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။


သတင်း - နန်းသဲနုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)