Pages

Pages

မိုးညိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက်

 



MNP - မေ   ၂၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မိုးညိုမြို့နယ်တွင် အခြေခံပညာကျောင်း (၁၆၆)ကျောင်းတို့တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ကျောင်းများတွင် ဆောင်ရွက် ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံစသည်တို့အပြင် သူငယ်တန်းမှ ပဉ္စမတန်းအထိ ကျောင်းဝတ်စုံ(၁)စုံတို့ကို နိုင်ငံတော်မှအခမဲ့ ထောက်ပံ့ပေးလျက်ရှိသည်။


အဆိုပါကျောင်းအပ်နှံခြင်းများကို ယနေ့မေ(၂၆)ရက်နေ့မှဇွန်လ (၁)ရက်နေ့ထိ လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment