မှော်ဘီမြို့နယ်၌ ခေတ်မီစံပြဆောင်ရွက်မည့်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ ခေတ်မီစံပြဆောင်ရွက်မည့်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေး

 



MNP - မေ   ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ယမန်နေ့က ခေတ်မီစံပြကျေးရွာအဖြစ် ဆောင်ရွက်သွားမည့် အမောက်ဝဲကျေးရွာသို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကွင်းဆင်းဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်း၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ခေတ်မီစံပြကျေးရွာ (Smart Village) ဆောင်ရွက်မည့် မှော်ဘီမြို့နယ်၊ အမောက်ဝဲကျေးရွာရှိ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/သားများနှင့်တွေ့ဆုံပြီး ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ စီမံကိန်းအကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကာ ကျေးရွာမှဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဌာနမှပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းမှာကြားခဲ့သည်။


ဆက်လက်၍ နှောကုန်းကျေးရွာသို့ သွားရောက်သွားကာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများနှင့် စာရင်းဇယားများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်း - ဇင်မင်းထိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)