ကျောင်းနေအရွယ် တိုင်းရင်းသားလူငယ်များအားလုံး ကျောင်းတက်ကြရန်နှင့် ကျောင်းသားမိဘ များကလည်း သား/သမီးများအား ကျောင်းအရောက်ပို့ဆောင်ပေးကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းနေအရွယ် တိုင်းရင်းသားလူငယ်များအားလုံး ကျောင်းတက်ကြရန်နှင့် ကျောင်းသားမိဘ များကလည်း သား/သမီးများအား ကျောင်းအရောက်ပို့ဆောင်ပေးကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်တိုက်တွန်း



MNP ၊ မေ ၂၅

ကရင်တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အနုပညာနှင့် ရိုးရာဓလေ့ထုံ းတမ်းအစဉ်အလာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးနေစေရေး ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စုရှိ အောက်ရေ တံခွန်တိုက်ကျောင်း၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်စာပေနှင့် ယဉ်ကျေးမှုနည်းပြ မွမ်းမံသင်တန်းကို ၁၉၆၈-၁၉၆၉ ခုနှစ်တွင် ပထမအကြိမ်စတင်ဖွင့်လှစ်ခဲ့ပြီး ၄၉ ကြိမ်မြောက်အထိ ဖွင့်လှစ်ခဲ့ရာ ၅၀ ကြိမ်မြောက် ရွှေရတုသင်တန်းကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု သိသာစွာလျော့နည်းကျဆင်းချိန်တွင် မြို့နယ် အဆင့် သင်တန်းများကို ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း၊ စာပေမြင့်မှလူမျိုးတင့်မည်ဖြစ်သည့် အတွက် မိမိတို့စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ကြဖို့လိုကြောင်း၊ ကရင် တိုင်းရင်းသားလူငယ်များအနေဖြင့် ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးကို ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ ခေတ်ပညာ၊ အတန်းပညာကိုလည်း ကျွမ်းကျင်တတ်မြောက် အောင် လေ့လာသင်ယူကြဖို့လိုကြောင်း၊ ယခုအခါ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ပြန်လည်ဖွင့် လှစ်နေပြီး အခြေခံပညာကျောင်းများလည်း ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းနေအရွယ် တိုင်းရင်းသားလူငယ်များအားလုံး ကျောင်းတက်ကြရန်နှင့် ကျောင်းသားမိဘများအနေဖြင့်လည်း သား/သမီးများအား ကျောင်းအရောက်ပို့ဆောင်ပေးကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘားအံမြို့နယ်အဆင့် နွေရာသီကရင်စာပေ နှင့်ယဉ်ကျေးမှုသင်တန်းတွင် ဘက်စုံထူးချွန်ဆုနှင့် ယဉ်ကျေးမှုဆု ပထမ၊ ဒုတိယ၊ တတိယ ရရှိ သော စာသင်ဌာနများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေ ထွန်းနှင့် သင်တန်းဖြစ်မြောက်ရေးကော်မတီနာယက ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ် (၁၀၁၆) တပ်ရင်းမှူးဗိုလ်မှူးစောစိုးစိုးတို့က စာပေ ပထမ၊ဒုတိယ၊ တတိယဆုရစာသင်ဌာနနှင့် ဒုံး အက ပထမ၊ဒုတိယ၊တတိယဆုရစာသင်ဌာနများကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ ကြပြီး သင်တန်းဖြစ်မြောက်ရေးကော်မတီနာယက ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ် (၁၀၁၆) တပ်ရင်းမှူးဗိုလ်မှူးစောစိုးစိုးက အဘက်ဘက်မှကူညီဆောင်ရွက်ပေးသော ကရင်ပြည်နယ် အစိုးရအဖွဲ့အား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီးဦးစန်းကိုက လက်ခံရယူသည်။


ယင်းနောက် သင်တန်းဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူးက ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး ရွှေပြည့်စုံကျေးရွာစာသင်ဌာနနှင့် နောင်ထလုံးကျေးရွာစာသင်ဌာနတို့မှ တိုင်းရင်းသား လူငယ်မောင်မယ်များက  ပထမဆုရရှိခဲ့သော ကဗျာသရုပ်ဖော်နှင့် ဒုံးအကတို့ဖြင့် ပြန်လည်ဧည့်ခံ ဖျော်ဖြေခဲ့ကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေး အပ်ခဲ့ကြသည်။


ထို့နောက် နွေရာသီကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲသို့ တက်ရောက်လာသော ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ သင်တန်းကော်မတီဝင်များ၊ ဘားအံမြို့နယ်အတွင်းရှိ စာသင်ဌာနအသီးသီးမှ သင်တန်း သား၊သင်တန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက စည်းလုံး ခြင်းသည်အင်အားဟု အဓိပ္ပာယ်ရသော (အောဟုအောဟောင်) ကရင်တေးသီချင်းကို စုပေါင်းသီဆို၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြ သည်။


သတင်း - စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)