အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး ညှိနှိုင်းဆွေးနွေး

 

MNP - မေ   ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက လာမည့်ဇွန်လ ၂ ရက်နေ့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ယနေ့ ကျောင်းအပ်လက်ခံနေသော နေ့မှစတင်၍ အသက်(၅)နှစ်ပြည့်ပြီးသူများနှင့် အသက်(၁၂)နှစ်ပြည့်ပြီး ကာကွယ်ဆေး မထိုးနှံရသေးသူ ကျောင်းသား/သူစာရင်းကို သေသေချချာ ပြုစုထားရမည်ဖြစ်ကြောင်း၊ ဒါမှကာကွယ်ဆေးထိုးနှံမည့် စာရင်းအတိအကျ ရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်က ယနေ့ကျောင်းအပ်နှံရေးနေ့ ပထမဆုံးနေ့ ဖြစ်တာနဲ့အညီ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူစာရင်းကို နေ့လယ် ၁၂ နာရီအချိန်တွင် တိုင်းဒေသကြီးသို့ ပို့ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသားများ ကာကွယ်ဆေးထိုးနှံခွင့်ရှိသူအားလုံး ကာကွယ်ဆေး ထိုးနှံကြဖို့ ကျောင်းအုပ်ကြီးများအား မှာကြားခဲ့သည်။


ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က ကျောင်းကုန်းမြို့နယ်အတွင်းမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ (၉)ဦး ရှိပြီဖြစ်ကြောင်း၊ ဧရာဝတီတိုင်း တစ်တိုင်းလုံးတွင် (၅၁၈)ဦး ရှိနေပြီဖြစ်ကြောင်း၊ မနက်ဖြန် မေလ (၂၇)ရက်နေ့တွင် တစ်မြို့နယ်လုံးရှိ စာသင်ကျောင်းများအားလုံးတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ပတ်သက်၍ ကျောင်းကုန်းမြို့နယ်အတွင်း ဓာတ်မတည့်သောသူ မရှိသေးကြောင်း၊ ဆရာ/ ဆရာမများမှ စမ်းသပ်စစ်ဆေးပြီးမှသာ ထိုးနှံပေးကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)