Pages

Pages

မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး



MNP - မေ  ၂၆


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများမကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက်  ကျောင်းများပြင်ဆင် ဆောင်ရွက်ထားရှိမှုအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နေ့လယ် ၂ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။


ထိုသို့စစ်ဆေးရာတွင် မင်းလှမြို့နယ်၌ မကြာမီကာလတွင် ‌‌‌‌‌‌အခြေခံပညာကျောင်းများ ဖွင့်လှစ် မည်ဖြစ်ပြီး မေလ ၂၆ ရက်နေ့တွင် အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးများအား ကျောင်းစတင်အပ်နှံခြင်း လက်ခံဆောင်ရွက်မှာဖြစ်သည့်အတွက် ကျောင်းများတွင် ကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စာသင်ခုံများလုံလောက်မှု ရှိ/မရှိ၊ သောက်သုံးရေ လုံလောက်မှုရှိ/မရှိ၊ သန့်စင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ အဖွဲ့ဝင်ဦးစန်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးစန်းမင်း၊ မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းအုပ်ဆရာ/ဆရာမကြီးများက ရှင်းလင်းတင်ပြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။


သတင်း - ဇာဇာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment