Pages

Pages

သိန္နီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ပြုလုပ်ခြင်းဆောင်ရွက်



MNP - မေ   ၂၈


ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး၊ ပိုးလောက်လန်းများပေါက်ဖွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို မြို့နယ်ကြက်ခြေနီအသင်းနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ပူး ပေါင်း၍ ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ သိန္နီမြို့ ရပ်ကွက်(၂)တွင် လိုက်လံဆောင်ရွက်လျက်ရှိသည်။


ထိုသို့ဆောင်ရွက်ရာတွင် မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် သိန္နီမြို့ ရပ်ကွက်(၂)တွင် ခြင်များ အလွယ်တကူ ပေါက်ဖွားနိုင်သည့် ရေတွင်း၊ ရေကန်များ၊ ဘုရားပန်းအိုးများ၊ ရေစည်၊ ရေပုံးများ၊ ရေလောင်းအိမ်သာများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းနှင့် ပညာပေးလုပ်ငန်း များ ဆောင်ရွက်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တာယာခွံများ၊ ရေဗူးများတွင် ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရေးအတွက် အဘိတ်ဆေး ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာများတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ကြက်ခြေနီအသင်း အတွင်းရေးမှူး ဒေါ်သင်းသင်းစိုးထံမှ သိရသည်။


သတင်း - စောဉမ္မာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment