(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ကျုံပျော်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကျိုက်ပရောစေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ကျုံပျော်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကျိုက်ပရောစေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

19


MNP - မေ   ၃

၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကျိုက်ပရောစေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်စိန်ဘွင့် ဦးဆောင်သည့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက စေတီတော်နှင့် အရံစေတီတော်များအား ရေသပ္ပါယ်ခြင်း၊ ရုပ်ပွားတော်မြတ်များအား ရောင်တော်ဖွင့်ခြင်း၊ စေတီတော်ရင်ပြင်နှင့် တန်ဆောင်းတော် အတွင်းတို့၌ တံမြက်လှည်းခြင်းနှင့် အမှိုက်များ သိမ်းဆည်းခြင်းတို့ကို စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်းနှင့် ဆက်လက်၍ မြို့ပေါ်ရှိ စေတီတော်မြတ်များအား ရေသပ္ပါယ်ခြင်းနှင့် ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကိုလည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - လပြည့်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages