Pages

Pages

ရန်ကုန်တိုင်းဒေသကြီး စစ်တိုင်းမှူးသို့ အိတ်ဖွင့်ပေးစာ



မြန်မာနေရှင်နယ်ပို့မှ ဖော်ပြပေးပါခင်ဗျာ -

ရန်ကုန်တိုင်းစစ်တိုင်းမှူးသိစေရန်တင်ပြပေးပါ ။ ရန်ကုန်တိုင်း ဒလမြို့နယ် မှာ ဒလန်ဆိုပြီး အပစ်ခံရတာ သုံးဦးရှိပါပြီ ။ 


အဆိုပါသုံးဦးတွင် လုပ်ငန်းရှင် ဦးဟန်တင် ကိုပစ်ခတ်မှုဖြစ်စဉ်တွင် PDF များ၏ရုပ်ပုံများ CCTV တွင်ပေါ်သော်လည်း

နယ်မြေခံလုံခြုံရေးများမှ ယနေ့ထိ ဖမ်းစီးနိုင်ခြင်းမရှိပါဘူး။


ဒုတိယမြောက်အပစ်ခံရသူမှာ ကရင်လေးဖြစ်ပြီး ဘောလီဘောကွင်း လူအများကြီးရှေ့တွင် ပစ်သွားသော်လည်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များမှ ဖမ်းစီးနိုင်ခြင်းမရှိပါဘူး။


မနေ့က 26. 5.2022 ရက်နေ့ နေ့လည်ခင်း လူအများသွားလာနေသော လမ်းပေါ်၌ အုပ်ချုပ်ရေးမှုးဖြစ်သူ သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ရရှိထားသူကို ပစ်ခတ်သွားပါသည်။ အဆိုပါပစ်ခတ်မှုကြောင့် နေရာတွင်ပွဲခြင်းပြီးသေဆုံးခဲ့ပါသည်။


ဒလမြို့နယ်တွင် စုစုပေါင်းပစ်ခတ်မှုဖြစ်စဉ် ဆယ်ကြိမ်ထက်မနည်း ဖြစ်ခဲ့သော်လည်း သေဆုံးသူ သုံးဦးရှိပြီး ကျန်သူတွေမှာ ဒဏ်ရာရရှိသူတွေဖြစ်ပါတယ် ။


ထိုမျှလောက် ပစ်ခတ်မှုတွေဖြစ်ခဲ့သော်လည်း လုံခြုံရေး တပ်ဖွဲ့များ နယ်မြေခံရဲတပ်ဖွဲ့များမှ ယနေ့ချိန်ထိ တရားခံများကို ဖမ်းစီးနိုင်ခြင်း မရှိပါဘူး။


ဒလမြို့နယ်မှာ တာဝန်ထမ်းဆောင်နေသော နယ်မြေခံရဲတပ်ဖွဲ့နှင့် စစ်တပ်တို့၏ ညံ့ဖျင်းမှုကြောင့် အပြစ်မဲ့  ပြည်သူတွေ အသတ်ခံနေရခြင်းကို ရန်ကုန်စစ်တိုင်းမှူးနဲ့ နိုင်ငံတော်ဝန်ကြီးချုပ်သိစေရန် တင်ပြပေးပါလို့ တောင်းဆိုပါတယ်။


တာဝန်သိ ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment