Pages

Pages

ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်


MNP - မေ   ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် ယနေ့ နံနက်ပိုင်းမှစတင်ကာ သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်နှံခြင်းများ လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကျိုက်လတ်မြို့နယ်အနေဖြင့် အခြေခံပညာ အထက်တန်းကျောင်း (၁၇)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၁၀)ကျောင်း၊ အလယ်တန်းကျောင်း (၁၁)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ (၁၇)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂၉)ကျောင်း၊ မူလတန်းကျောင်းပေါင်း (၁၁၄)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၆)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၂၀၄)ကျောင်းတွင် မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် ကျောင်းများလာရောက် အပ်နှံလျက်ရှိကြောင်း သိရသည်။


အဆိုပါကျောင်းအပ်လက်ခံမှုများကို ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျွန်မက အမှတ်(၁)ရပ်ကွက်မှာ နေပါတယ်။ အခုဒီ အ.ထ.က(၁)ကျောင်းမှာ သားလေးကို ကျောင်းလာအပ် နှံပေးတာပါ။ သားလေးက ဒီနှစ် Grade-2 တက်ရမှာပါ။ ကျောင်းအပ်လက်ခံတဲ့နေရာမှာလည်း ငွေကြေးကုန်ကျမှု မရှိဘဲ အခမဲ့ပါ။ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နဲ့ အခြားပစ္စည်းများလည်း အလကားရပါတယ်။ ကျောင်းသားမိဘများကို ပြောချင်တာကတော့ မိမိတို့ရဲ့ ကလေးတွေကို စာသင်ကြားတဲ့အချိန်မှာ စာသင်ခန်းထဲရောက်ရှိပြီး စာတွေသင်ကြား တတ်မြောက်အောင်လို့ ကျောင်းအပ်နှံကြပါလို့'' ကျောင်းသားမိဘတစ်ဦးကပြော ကြားခဲ့ကြောင်း သိရသည်။


သတင်း - ရီရီမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment