ဇီးကုန်းမြို့နယ်၌ “၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ်၌ “၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူ

 



MNP - မေ   ၁၉


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်  ဇီးကုန်းမြို့နယ်၌ “၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်ကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ် (၅) ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ဇီးကုန်း) ရှေ့၌ စိုက်ထူခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီနှင့် ကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။ “၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်ကို အ.ထ.က (ဇီးကုန်း) ကျောင်းရှေ့၌ စိုက်ထူပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးအာကာဖြိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၆ ရက် နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံခြင်းများကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန်လ ၂ ရက်နေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီထံမှ သိရသည်။


သတင်း - တင့်ဆွေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)