ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

 


MNP - မေ   ၃၁


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေး သင်တန်းဆွေးနွေးပွဲကျင်းပ ပြုလုပ်သည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် က အဖွင့်အမှာစကားပြောကြားပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုး က နိုင်ငံသားစိစစ်ရေးကတ်ပြားအကြောင်းနှင့် အိမ်ထောင်စုစာရင်းအကြောင်းကို လည်းကောင်း၊ စက်မှုလယ်ယာဦးစီးမှူး ဦးသီဟကျော်စွာ က ဌာနလုပ်ငန်းစဉ်နှင့် ကောက်စိုက်စက်၊ ရိတ်သိမ်းစက်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမျိုးမြင့် က စားသုံးသူကာကွယ်ရေး အသိပညာပေးနှင့် စားသုံးဆီပိုမိုသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများအကြောင်းကို လည်းကောင်း၊ မြို့နယ်ကျေးလက်လမ်း ဦးစီးအရာရှိ ဒေါ်နွယ်နီထွန်း က ဦးစီးဌာန၏ လုပ်ငန်းစဉ်များနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးအကြောင်းကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းဌေးကျော် က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စိုက်ပျိုးရေး၌အဓိကဖြစ်သော မြေ၊ မျိုး၊ ပိုးအကြောင်းများကို လည်းကောင်း အသီးသီးပြောကြားခဲ့သည်။


ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော တောင်သူကြီးများ၏ သိလိုသည်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)