လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများပုံမှန်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများပုံမှန်ထုတ်ပေး





MNP - မေ   ၂၃


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ပင်စင်လစားများကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ပင်စင်လစာများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။


လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းဦးရေ (၈၀၀)ကျော်ရှိပြီး ပင်စင်စားအငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစားများကိုလစဉ်(၂၁)ရက်နေ့ နောက်ပိုင်းရုံးဖွင့်သည့်ရက်များတွင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ အငြိမ်းစားဝန်ထမ်းအနေဖြင့် ပင်စင်လစာများလာရောက်ထုတ်ယူရာတွင် လူစုလူဝေးမဖြစ်ပေါ်စေခြင်း၊ နှာခေါင်းစည်းများတပ်ဆင်ခြင်း စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီရှိစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများကကြီးကြပ်၍ စနစ်တကျစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရ သည်။


သတင်း - စောဒိ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)