Pages

Pages

ကြာအင်းဆိပ်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့မှုပေးအပ်


MNP - မေ  ၂၅


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့၌ မေလ၂၂ ရက်နေ့နံနက်ပိုင်းအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နောင်တခိုကျေးရွာအုပ်စုနှင့် ဝင်းလုံကျေးရွာအုပ်စုတွင် လူနေအိမ်(၃)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး လူဦးရေ(၁၆)ဦး ဘေးဒုက္ခကြုံတွေ့၍ ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်(၁၄၀၀၀၀၀)ကျပ်ခန့် ပျက်စီးခဲ့ကြောင်းသိရသည်။


မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးကြုံတွေ့ခဲ့ရသည့် အဆိုပါကျေးရွာအုပ်စု (၂)စုမှ အိမ်ထောင်စု (၃)စု၊ လူဦးရေ (၁၆)ဦးတို့အတွက် အဆင်ပြေစွာနေထိုင်စားသောက်နိုင်စေရေးအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ (၇)ရက်စာ ဆန်ရိက္ခာထောက်ပံ့ငွေကျပ် (၃၃၆၀၀)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၃)လုံးအတွက် ပြန်လည်ပြုပြင်ရန် ‌အိမ်ဆောက်ပစ္စည်း ဝယ်ယူအသုံးပြုရန်အတွက် တန်ဖိုးငွေကျပ်(၁၆၅၀၀၀)ကျပ် စုစုပေါင်းငွေကျပ်(၁၉၈၆၀၀)ကျပ်အား ယမန်နေ့နေ့လည်ပိုင်းအချိန်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးဇင်မာထွေးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးမင်းဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment