Pages

Pages

မလှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းအပ်နှံလက်ခံခြင်းများ စတင်ဆောင်ရွက်



MNP - မေ  ၂၇


မလှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်(ပထမနေ့)တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။


မလှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ်တွင် အထက(၈)ကျောင်း၊ အထကခွဲ(၂၃)ကျောင်း၊ အလက(၁၄)ကျောင်း၊ အလကခွဲ(၆)ကျောင်း၊ မူလတန်းလွန်(၂၀)ကျောင်း၊ မူလတန်း(၁၁၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၉)ကျောင်းတို့ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ထားရှိခဲ့ရာ ကျောင်းအပ်နှံရေးသီတင်းပတ်(ပထမနေ့)အဖြစ် စတင်လက်ခံခဲ့ပြီး ယနေ့နံနက်(၉)နာရီမှ မွန်းလွဲ(၁၂)နာရီအချိန်အထိ မူလတန်းအဆင့် စာရင်းရှိ(၁၂၁၇၆)ဦး၊ အပ်နှံသူ(၅၂၃၉)ဦး၊အလယ်တန်းအဆင့် စာရင်းရှိ(၅၄၃၈)ဦး၊ အပ်နှံသူ(၁၃၈၇)ဦး၊ အထက်တန်းအဆင့်စာရင်းရှိ(၁၈၆၄)ဦး၊ အပ်နှံသူ(၅၆၂)ဦး၊ စုစုပေါင်း စာရင်းရှိ(၁၉၄၇၈)ဦးပြီး လာရောက်အပ်နှံ သူ(၇၁၈၀)ဦးရှိ၍ (၃၆.၉၀)ရာနှုန်း အပ်နှံထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment