Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြိုယုကျေးရွာရှိ မြိုတိုင်းရင်းသားများအား ကျန်းမာရေး စောင့်ရှောက်မှုများကွင်းဆင်းဆောင်ရွက်






MNP - မေ  ၂၆


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအုပ်စုတွင် တိုက်ပွဲရှောင် မြိုတိုင်းရင်းသား အိမ်ထောင်စုများအတွက် နေရာချထားပေးသည့် မြိုယုကျေးရွာသစ်၌ နေထိုင် လျက်ရှိသော မိသားစုများအား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျန်းမာရေးစောင့်ရှောက်မှု များ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ပေးရာတွင် မောင်တောမြို့ပြည်သူ့ဆေးရုံ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောက်ပန္ဒူကျေးရွာအုပ်စု၊ မြိုယုကျေးရွာ သစ်၌ နေထိုင်လျက်ရှိသော မိသားစုများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ငှက်ဖျားပိုးရှိ/မရှိ စစ်ဆေး ခြင်း ၊ HIV & Syphilis ပိုးရှိ / မရှိ စစ်ဆေးခြင်း ၊ ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြိုတိုင်းရင်းသားအိမ်ထောင်စုများအတွက် ခြင်ထောင် (၁၁၀)လုံးအား ရွာသူ/ရွာသား များထံ အသီးသီးထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာအုပ်စု၊ မြိုယုကျေးရွာတွင် မြိုတိုင်းရင်းသား အိမ်ထောင်စု (၅၄) စု ၊ အမျိုးသား ၁၇၄ ဦး ၊အမျိုးသမီး ၁၆၇ ဦး စုစု ပေါင်း ၃၄၁ ဦးတို့မှ ယခုလက်ရှိ လာရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment