မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်အတွက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်အတွက် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

 




MNP - မေ   ၃၁


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်အတွက် ကျေးရွာနေပြည်သူများ သောက်သုံးရေရရှိရေး အကောင်အထည်ဖော်လုပ်ငန်းများများဖြစ်သော ရေကန်ငယ်တူးဖော်ခြင်း၊ ကျောက်စီနှုန်းထိန်းတမံငယ်တည်ဆောက်ခြင်း၊ မိုးရေစုကန်တည်ဆောက်ခြင်း၊ မြေအောက်ရေ အဝီစိတွင်းတူးခြင်းလုပ်ငန်းများကို လုပ်ဆောင်ပြီးဖြစ်ကြောင်း မြင်းခြံခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်ထံက သိရသည်။


"မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်များမှာ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်အတွင်း ပြည်သူများအတွက် သောက်သုံးရေရရှိရေး အကောင်အထည်ဖော်လုပ်ငန်းများ အောင်မြင်စွာလုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ မြင်းခြံမြို့နယ်မှာ ပေ (၁၀၀´၅၀)၊ အနက် (၆) ပေ၊ ကုဗ ၃၀၀၀၀ ပေ မြေသား ရေကန်ငယ်တူးဖော်ခြင်းလုပ်ငန်း (၁) ခု၊ ကျောက်စီနှုန်းထိန်း တမံငယ်တည် ဆောက်ခြင်း (၂) ခု၊ ဂါလန် (၅၀၀၀) ဆံ့ မိုးရေစုကန်တည်ဆောက်ခြင်း (၁) ခု၊ တောင်သာမြို့နယ် မှာ ကျောက်စီနှုန်းထိန်းတမံငယ်တည်ဆောက်ခြင်း (၃)ခု၊ နွားထိုးကြီးမြို့နယ်မှာ ပေ(၁၀၀´၅၀)၊ အနက် (၆) ပေ၊ ကုဗ ၃၀၀၀၀ ပေ မြေသား ရေကန်ငယ်တူးဖော်ခြင်းလုပ်ငန်း(၁) ခု၊ ကျောက်စီနှုန်း ထိန်းတမံငယ်တည်ဆောက်ခြင်း (၃)ခု၊ ဂါလန် (၅၀၀၀) ဆံ့ မိုးရေစုကန်တည်ဆောက် ခြင်း (၁) ခု၊ မြေအောက်ရေအဝီစိတွင်း တူးဖော်ခြင်း (၁) ခု၊ ငါန်းဇွန်မြို့နယ်မှာ ကျောက်စီနှုန်းထိန်း တမံငယ် တည်ဆောက်ခြင်း (၁) ခု၊ ဂါလန် (၂၀၀) ဆံ့ မိုးရေကန် (၁၀၀)လုံး ပေးဝေခဲ့ပါတယ်" ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်က ပြောသည်။


မြင်းခြံခရိုင်အတွင်း ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သောက်သုံးရေ ရှားပါးသည့် ကျေးရွာ၊ ရေအရင်းမြစ်နည်းပါးတဲ့ ကျေးရွာတွေကို အဓိကထား ရွေးချယ်ပြီးဆောင်ရွက်ပါတယ်။ ဆည်၊ တမံတွေမရှိတဲ့ ကျေးရွာတွေမှာဆိုရင် မြေသားရေကန်ငယ် အသစ်တူးဖော် ပေးရပြီး မြေအောက်ရေ အဝီစိတွင်းတူးသည်အခါတွင် ပေပေါင်း (၅၀၀) အထိ တူးဖော်ကာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကုန်ကျစရိတ်ဖြင့်သာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။


"ရေရရှိရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ကျောက်စီနှုန်းထိန်းတမံငယ်တည်ဆောက်ခြင်းက ရေကန်ငယ် တူးဖော်ထားသည့်နေရာအနီး ရေဝင်တဲ့နေရာတွေမှာရေနှင့် မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းစဉ်အနေဖြင့် တည်ဆောက်ခြင်းဖြစ်ပါတယ်။ ဂါလန် (၅၀၀၀) ဆံ့ မိုးရေစုကန်တွေကိုတော့ ကျေးရွာပိုင် အဆောက်အဦးများ၊ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ စတဲ့နေရာတွေမှာ တည်ဆောက် ပေးပါတယ်။ ဂါလန် (၂၀၀)ဆံ့ မိုးရေစုကန်က တည်ဆောက်ပြီး ရေကန်လေးတွေအပြင်ရေတလျောက်၊ အဖုံးတွေကိုပါ ကျေးရွာရှိ အိမ်ထောင်စုအလိုက် ပေးဝေခြင်းဖြစ်ကြောင်း" လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမော်နိုင်က ပြောသည်။


အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲရေးဆောင်ရွက်ခြင်းနှင့် ရေရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများကို အဓိက တာဝန်ကြီး (၄) ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)