အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ မောင်တောမြို့နယ် အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ မောင်တောမြို့နယ် အတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်



MNP - မေ   ၂၅


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူကျေးရွာအုပ်စု၊ မြိုယုရွာသို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုး၊ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတင်လှနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာသို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။


ရှေးဦးစွာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့သည် ကျောက်ပန္ဒူကျေးရွာအုပ်စု၊ မြိုယုရွာ သို့ ရောက်ရှိကာ ကျေးရွာတွင် ယာယီ (အမက) ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် ပန္နက်ရိုက် မင်္ဂလာအခမ်းအနား တက်ရောက်ခဲ့ကြသည်။ ထို့နောက် ကျောက်ပန္ဒူကျေးရွာအုပ်စု၊ မြိုယုရွာသူ/သား များအား ဗုဒ္ဓရုပ်ပွားတော်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့သည့် အခမ်းအနားသို့ တက်ရောက်ကြရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တိုင်းရင်းသား လူမှုရေးရာဝန်ကြီး ဦးတင်လှတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။ ယင်းနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက မြိုတိုင်းရင်းသားအိမ်ထောင်စု(၅၄)စုအား နေအိမ်၌ ဆည်းကပ်ပူဇော်နိုင်ရေးအတွက် ဗုဒ္ဓဆင်းတုတော်များနှင့် ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ၊ ဆန်၊ ဆီ၊ ဆား၊ သကြား၊ ကြက်သွန်၊ ကုလားပဲ စသည့်စားနပ်ရိက္ခာများအား ကျေးရွာသူ/သားထံသို့ အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - သက်လွင်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)