ပေါက်မြို့နယ်၌ ပေါက်-ပခုက္ကူသွား ကားလမ်းမကြီးပေါ်မန်ကျည်းပင် လဲပြိုကျနေမှုအား ခုတ်ထွင်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့နယ်၌ ပေါက်-ပခုက္ကူသွား ကားလမ်းမကြီးပေါ်မန်ကျည်းပင် လဲပြိုကျနေမှုအား ခုတ်ထွင်ရှင်းလင်း




MNP - မေ  ၂၅


 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ယမန်နေ့ညနေ ၆နာရီခွဲ အချိန်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် ရွှေပေါက်ပင်ရပ်ကွက်၊ ပေါက်-ပခုက္ကူသွား ကားလမ်းမကြီးပေါ်၌ မန်ကျည်းပင် လဲပြိုကျခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့ နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။


 အဆိုပါသစ်ပင်အား အမြန်ဆုံး ရှင်းလင်းနိုင်ရေးအတွက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် အမြန်ဆုံးရှင်းလင်းဖယ်ရှား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - ဉာဏ်တိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)