ကလေးတက္ကသိုလ်တွင် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးတက္ကသိုလ်တွင် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ

 




MNP - မေ  ၂၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် သစ်တောဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ဦးဆောင်၍ ဒေသတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် သစ်တောသစ်ပင်များကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ကလေးတက္ကသိုလ်ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ဒေသကွက်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဗိုလ်မှူးချုပ် ဦးသန့်ဇင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးမည့်ပျိုးပင်များကို ဗိုလ်မှူးချုပ်က ပေးအပ်ရာ ခရိုင်အဆင့်ဌာနဆိုင်ရာများကိုယ်စား ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းမိုးမှ လက်ခံရယူခဲ့ပြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စိုက်ပျိုးမည့်ပျိုးပင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးမှ လက်ခံရယူခဲ့သည်။


အဆိုပါစုပေါင်းသစ်ပင်စိုက်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်ကထိကများ၊ သင်တန်းရေးရာဌာနမှူးများ၊  ဆရာ/ ဆရာမများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်းအင်အား (၂၅၀)ဦးတို့မှ ကျွန်းပင် ၁၀၀၊ ပျဉ်းကတိုးပင် ၁၀၀၊ မယ်ဇယ်ပင် ၅၀၊ ခရေပင် ၅၀၊ ပုန်းညှက်ပင် ၅၀၊ ကံ့ကော်ပင် ၂၅၊ တမာ ၂၅ စသည့် ပျိုးပင်ပေါင်း ၅၀၀ ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)