လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့နယ်တွင် နေအိမ်အမိုးလန်ခြင်း၊ အဝေးပြေးကားလမ်းမ၌ သစ်ပင်လဲကျခြင်းများဖြစ်ပွားခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေပြင်းတိုက်ခတ်မှုကြောင့် ပေါင်မြို့နယ်တွင် နေအိမ်အမိုးလန်ခြင်း၊ အဝေးပြေးကားလမ်းမ၌ သစ်ပင်လဲကျခြင်းများဖြစ်ပွားခဲ့







MNP ၊ မေ ၂၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မေ ၂၀ ရက် နံနက်အစောပိုင်းမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ခြင်း၊ သစ်ပင်လဲကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


လေပြင်တိုက်ခတ်မှုကြောင့် ဇင်းကျိုက်ရပ်ကွက်၊ ကော့ထော်ကျေးရွာတို့မှ နေအိမ်(၄)လုံး၏ သွပ်တန်းနှင့် အမိုးများလန်ခြင်းဖြစ်ပွားခဲ့သည့်အပြင် ရန်ကုန်-မော်လမြိုင်အဝေးကားလမ်းမတွင် ကျွန်းပင် (၂)ပင် နှင့် ပိတောက်ပင် (၁)ပင် လဲကျခဲ့ကြောင်း သိရသည်။


ယင်းဖြစ်ပွားရာသို့ မြို့နယ်စီမံကောင်စီဥက္ကဌဦးသိုက်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတို့မှ ဝိုင်းဝန်းခုတ်ထွင်းရှင်းလင်းပေးခဲ့ကြသည်။


အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိဘဲ စုစုပေါင်းငွေကျပ် (၆၃၀၀၀၀)ကျပ်ခန့်ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၏အချက်အလက်များအရ သိရသည်။


လက်ရှိ ဘေးသင့်အိမ်ထောင်စုလေးစုမှ လူဦးရေ ၁၅ ဦးမှာ နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ပြောင်းရွေ့နေထိုင်လျက်ရှိသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)