Pages

Pages

မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်လျှက်ရှိ







MNP ၊  မေ  ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်၍  ကျောင်းသား/ သူ များအား  ယနေ့ နံနက်  ၁၀ နာရီမှ စတင်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံရေး အခမ်း အ နား ကို  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးညီထွေးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေ ခံပညာ ကျောင်းများဖွင့်လှစ်၍ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ ၊ မိဘများ အနေနဲ့  မိမိတို့ သားသမီးများ ပညာသင်အရွယ် မှာ ပညာသင်ယူကြစေရန် အ တွက် ကျောင်း အပ်နှံပေးရန်လိုအပ်ပါကြောင်း ၊  ပညာ ရေးကဏ္ဍသည် လွန် စွာ အရေးကြီးပါကြောင်း ၊ ကျောင်းအပ်လက်ခံဆောင်ရွက်ရာတွင် လည်း  ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးပုံနှိပ်စာအုပ် တစ်စုံ ၊ ဗလာစာအုပ် တစ်ဒါဇင် ထောက်ပံ့ပေးပါကြောင်းပြောကြားခဲ့သည်။ 

ထို့နောက် ခရိုင်ပညာ ရေးမှူး ဦးညီထွေး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်ဝင်းထွဋ် နှင့် ဦးဦးခင်မောင် တို့က ကျောင်းသား/သူများ ထံသို့ သင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ် နှင့် ဗလာစာအုပ် များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထိုသို့ ကျောင်းအပ်လက်ခံ ဆောင်ရွက် ရာတွင်  ကျောင်းအပ်နှံရန် လာ ရောက်သည့် ကျောင်းသား/သူများ နှင့် မိဘ များအား  လူစုလူ ဝေးမဖြစ် ပေါ်စေရန်အတွက် တစ်ဦးနှင့် တစ်ဦးခပ်ကွာကွာနေစေ၍  အတန်းအလိုက် သတ်မှတ် နေရာများတွင် ကျောင်း အပ် နှံခြင်း များဆောင် ရွက်လျှက်ရှိပြီး  မောင်တော မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် မေ ၂၆ ရက် နေ့မှ ဇွန် ၁ ရက်နေ့ထိ ကျောင်း အပ်နှံ ရေးနေ့ အဖြစ် သတ် မှတ်ကာ ကျောင်းအပ်လက်ခံဆောင်ရွက်လျက်ရှိပြီး မြို့နယ် အတွင်းရှိ အခြေခံပညာ အထက် တန်းကျောင်း  (၁၀)  ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၅) ကျောင်း ၊ အလယ် တန်း ကျောင်း  (၂) ကျောင်း၊ အ လယ် တန်း ကျောင်း(ခွဲ) (၁၂) ကျောင်း၊ မူလတန်းလွန်ကျောင်း  (၄၇) ကျောင်း ၊ မူလတန်း ကျောင်း (၃၃)ကျောင်း၊ မူလ တန်းကျောင်း(ခွဲ) ၁၀ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ကျောင်း စုစုပေါင်း (၁၂၁) ကျောင်း ဖွင့်လှစ်ကာ ကျောင်း သား/သူများအား မိဘ အုပ်ထိန်းသူ ၊ ဆွေမျိုးများမှ သက်ဆိုင်ရာ စာသင်ကျောင်းများသို့ အသီးသီး လာရောက် အပ်နှံ  လျှက်ရှိကြောင်း  နှင့်  ကျောင်း သား/ သူများအား သင်ရိုးညွှန်းတမ်းပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ အခမဲ့ ပေး အပ်ပြီး ၂၀၂၂ခုနှစ် ၊ ဇွန်လ(၂)ရက်နေ့မှစ၍ အခြေခံပညာ ကျောင်း များ စတင် ဖွင့်လှစ် သင်ကြား သွားမည် ဖြစ်ကြောင်းသိရသည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment