တန့်ယန်းမြို့ အောင်တော်မူစေတီတော်ကြီး၏ ပထမအကြိမ် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့ အောင်တော်မူစေတီတော်ကြီး၏ ပထမအကြိမ် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ





MNP - မေ   ၂၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်တွင် အသစ်တည်ထားပူဇော်သည့် ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူစေတီတော်ကြီး၏ ပထမအကြိမ် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲအခမ်းနားကို ယမန်နေ့နံနက် ၉ နာရီကအဆိုပါ စေတီတော်၌ ကျင်းပသည်။


ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ကိုင်းကုန်း ပရိယတ္တစာသင်တိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကုသလ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပဌာန်းဒေသနာတော်များနာယူရန် နတ်ဗြဟ္မာအားပင့်ဖိတ်ခြင်း၊ ပဌာန်းရောင်တော်ဖွင့်ခြင်း၊ ပဌာန်းရွတ်ဆိုမည့်အကြောင်း တိုက်တွန်းနှိုးဆော်စာ အခါတော်ကိုဖတ်ကြားကာ မဟာပဌာန်းကျမ်းဒေသနာတော်မြတ်ကြီးကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းနှင့် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မေလ ၂၉ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။       


သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်                     

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)