လှိုင်မြို့နယ်၌ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်မြို့နယ်၌ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - မေ   ၁၉


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီကလှိုင်မြို့နယ် အမှတ်(၄) ရပ်ကွက်၊ ပညာရေးမှူးရုံး လှိုင်ပညာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် လှိုင်မြို့နယ် ပညာရေးမှူးဆရာ ဦးထွန်းလွင်က ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများစသည်တို့နှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများက ၂၀၂၂ ခုနှစ် မေ(၁၉)ရက်နေ့မှ မေ(၂၀)ရက်နေ့အထိ အသေးစိတ် ရှင်းလင်းဆွေးနွေးကြမည်ဖြစ်ပြီး အဆိုပါပညာရေးဆိုင်ရာစီမံခန့်ခွဲမှု အလုပ်ရုံ ဆွေးနွေးပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့နယ်အတွင်းရှိ ပညာရေးဌာနမှ ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ပြီး မြို့နယ်ပညာရေးဌာနက စီစဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


သတင်း - ကျော်ရဲအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)