MNP - မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပင်စင်လာရောက်ထုတ်ယူ သူများအနေဖြင့် လိုက်နာရန်စည်းကမ်းချက်များအား အသိပေးကြေညာထားရှိပြီး ထန်းတပင်မြို့နယ်တွင် မြို့ပြ ပင်စင်(၅၄၉) ဦး၊ ကာကွယ်ရေးပင်စင် (၄၀၁) ဦးနှင့် နိုင်ငံရေးပင်စင် (၁၀၀) ဦး၊ စုစုပေါင်း (၁၀၅၀) ဦးရှိပြီး ယနေ့တွင် ပင်စင်ထုတ်ယူသူ( ၃၅၀) ဦး ရှိကြောင်း ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment