Pages

Pages

ကျုံပျော်မြို့ ရပ်ကွက်များအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ လိုက်လံဆောင်ရွက်



MNP - မေ   ၂၃

 

မိုးဦးကာလ ခြင်ပေါက်ပွားမှုများသောရာသီ ရောက်လာသည်နှင့်အညီ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့ ရပ်ကွက်များ အတွင်း၌ မေလ ၂၁ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊ မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအောင်ဇော်မိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လန်း ပေါက်ပွားမှု ရှိမရှိ လိုက်လံစစ်ဆေးပြီး၊ ဖုံး သွန် လဲ စစ် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း  ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်ရန်တို့ကို အသိပညာပေး ဆောင်ရွက်ပြီး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။


သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များက အသိပညာပေးလုပ်ငန်းများ အပတ်စဉ် လိုက်လံဆောင်ရွက်‌ ပေးလျက်ရှိကြောင်းနှင့် ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် အသက်အန္တရာယ်တို့မှ ကင်းဝေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


သတင်း - လပြည့်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment