တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး




MNP - မေ   ၁၇


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စဉ်ဆက်မပြတ် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။


တံတားဦးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝထိုးနှံခြင်းမပြုရသေးသည့်သူများနှင့် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများကိုမြို့နယ်ပြည်သူ့ဆေးရုံတွင် နေ့စဉ်ပုံမှန် ဆက်လက်ထိုးနှံပေးသည့်အပြင် မိုဘိုင်းစနစ်ဖြင့် ကျေးရွာများအရောက် လှည့်လည်၍ ကာကွယ်ဆေးများ ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းလည်း သိရသည်။


ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ်အထက် ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူတွေကို QR Code ပါဝင်သည့် ဆေးထိုးနှံပြီးကြောင်းလက်မှတ်တွေ ထုတ်ပေးထားကြောင်း၊ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရမည့်သူများ ထိုးနှံရမည့်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်သူများကိုလည်း ဆက်လက်ထိုးနှံပေးကြောင်း၊ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများကိုလည်း ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)