နည်းပညာတက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာ ပထမနှစ်ကျောင်းသား/သူများ မိတ်ဆက်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာ ပထမနှစ်ကျောင်းသား/သူများ မိတ်ဆက်ပွဲကျင်းပ



MNP - မေ   ၃၁


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ဆိုင်ရာ ပထမနှစ်ကျောင်းသား/သူများ မိတ်ဆက်ပွဲကို မေလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက နည်းပညာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အဖွင့်ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦးက ပထမနှစ် ကျောင်းသား/သူများအား ဘာသာရပ်အလိုက် မိတ်ဆက်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။


ထို့နောက် နည်းပညာတက္ကသိုလ်တွင် သင်ကြားပေးသည့် ဘာသာရပ်အလိုက် တာဝန်ခံများနှင့် နည်းပြများက ဘာသာရပ်အလိုက် ရှင်းလင်းတင်ပြရာတွင် မြို့ပြအင်ဂျင်နီယာဌာန ဆရာဦးငွါးလီနို၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ဆရာမဒေါ်ခင်သန္တာဦး၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာနမှ ဆရာဦးကျော်မင်းကျော်၊ စက်မှုစွမ်းအား အင်ဂျင်နီယာဌာနမှ ဆရာဦးနေဝင်းစိန်တို့က ဘာသာရပ်အလိုက် သင်ကြားပေးမှုများအား ဆွေးနွေးတင်ပြကြပြီး  တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘာသာရပ်အလိုက် ပါမောက္ခဌာန မှူးများနှင့် နည်းပြများ၊ ကျောင်းသား/သူအင်အား (၁၀၀) ကျော် တက်ရောက်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)