Pages

Pages

မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 


MNP - မေ   ၂၃


ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ရာကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်ခြင်းကို ယမန်‌နေ့က အထက(မယ်စဲ့) ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်း ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဆရာ / ဆရာမများနှင့် ကျောင်းသား / ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်းအင်အား ၁၂၃ ဦးက ကျောင်းဝင်းအတွင်းရှိ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ထွက်ရှိလာသောအမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်ကားဖြင့် သယ်ယူ၍ အမှိုက်ကျင်းသို့ သွားရောက်စွန့်ပစ်ခဲ့ကြောင်း သိရသည်။


ကျောင်းဖွင့်ချိန်တွင် ကျောင်းသား / ကျောင်းသူများ၊ ခြင်အန္တရာယ်ကင်းဝေးစေရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား / ကျောင်းသူများ စိတ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ဝတ်ရည်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment