ဘုတ်ပြင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးကြိုကာလသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးကြိုကာလသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ




MNP - မေ   ၂


အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးကြိုကာလသစ်ပင်စိုက်ပျိုးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ ပုလဲရွေရည်ဂေါက်ကွင်းတွင် ယမန်နေ့နံနက်တွင် ကျင်းပပြုလုပ်ခဲ့သည်။


သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များက တာဝန်ရှိသူများအား ပျိုးပင်များပေးအပ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မန်ဂျာရှားပျိုးပင်(၇၅)ပင်၊ ပျဉ်းကတိုး (၁၀၀)ပင်၊ ခရေပျိုးပင်(၇၅)ပင်၊ စိန်ပန်း(၅၀)ပင် ပျိုးပင်စုစုပေါင်း(၃၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)