MNP ၊ မေ ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့ တောင်မြို့၊ တောင်ရင်းတန်းရပ်ကွက် ဓမ္မာရုံ၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ကဗျာပွဲတော် ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် တက်ရောက်လာ သည့်စာရေးဆရာ၊ ကဗျာဆရာများက မိတ်ဆက်စကားပြောကြားခြင်း၊ ကိုယ်တိုင်ရေးသားထုတ်ဝေသည့် ကဗျာများအား ရွတ်ဖတ်ခြင်းနှင့် ဆိုလိုရင်းအဓိပ္ပါယ် များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် လူငယ်စာရေးဆရာများ၊ ကဗျာစကားဝိုင်းကဏ္ဍအား ဆက်လက် ကျင်းပကြရာ စာရေးဆရာ မြင့်လွင်၊ ကြယ်ဖြူ၊ နီငြိမ်း တို့က ကဗျာနှင့် စာပေတို့၏ အနှစ်သာရများ၊ ယနေ့ခေတ်လူငယ်များ၏ Facebook၊ ဂိမ်းများနှင့် စာပေအပေါ် ထားရှိမှု အခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီး ကျန်ရှိနေသည် စာရေးဆရာ၊ ကဗျာဆရာများက ကဗျာရွတ်ဖတ်ခြင်းများအား ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ကဗျာပွဲတော်ကို ရခိုင်ပြည်နယ် အတွင်းရှိ စာရေးဆရာ၊ ကဗျာဆရာ များအားဖိတ်ခေါ်၍ မေလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီမှ ညနေ ၅နာရီအထိ ကဗျာစကားဝိုင်းနှင့် ကဗျာရွတ်ခြင်းများဆောင်ရွက်ပြီး မေလ ၂၂ ရက်နေ့ နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကဗျာစာတမ်းဖတ်ပွဲနှင့် ကဗျာရွတ်ဖတ်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ ပွဲတော်ကျင်းပရာတွင် ကဗျာပေါင်း ၆၀ ကျော်နှင့် ကဗျာစာတမ်း ၃ စောင်ပါဝင်ကြောင်းသိရသည်။
ကဗျာပွဲတော်သို့ တက်ရောက်လာသည့် စာရေးဆရာ ကဗျာဆရာများအား စားသောက်နေထိုင်ရေးတို့ကို တာဝန်ယူစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပွဲဖြစ် မြောက်ရေးကော်မတီထံမှ သိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment