တပ်ကုန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူ

 



MNP - မေ   ၁၉


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့အတွင်း ကျောင်းသား၊ ကျောင်းသူများ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးအတွက် ကျောင်းသားမိဘများ သိရှိစေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် ၈နာရီက မြို့တွင်းရှားပင်ဆိပ် မီးပွိုင့်အနီးတွင် စိုက်ထူပေးခဲ့ကြောင်း သိရသည်။


ထိုအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးအောင်အောင်ဌေး၊ အထက်တန်းကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာအား စိုက်ထူအားပေးခဲ့သည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၆)ရက်နေ့မှ     ဇွန်လ(၁)ရက်နေ့ထိ သတ်မှတ်ထား၍  အဆိုပါကာလအတွင်း အတန်းအားလုံးကျောင်းအပ်နှံကြရန်နှင့်ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသားအားလုံးကို ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များနှင့်ခဲတံများကို အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရပြီး၊ တပ်ကုန်းမြို့နယ်တွင် အထက(၁၄)ကျောင်း၊ အထက-ခွဲ(၁၆)ကျောင်း၊ အလက(၁၆) ကျောင်း၊ အလက-ခွဲ(၁၈)ကျောင်း၊ မူလွန်(၄၄)ကျောင်း၊ အမက(၅၃)ကျောင်း၊ အမက-ခွဲ(၆) ကျောင်းနှင့် ဘက(၆)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)