လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အဆင့်မြင့်ဂျူဒိုသင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် အဆင့်မြင့်ဂျူဒိုသင်တန်းဆင်းပွဲ ကျင်းပ





MNP - မေ   ၂၉


ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)လူထုအခြေပြုဗဟိုဌာနတွင် လူငယ်များကျန်းမာကြံ့ခိုင်ပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နွေရာသီအားကစားသင်တန်းအဖြစ် ဖွင့်လှစ်ခဲ့သည့် အဆင့်မြင့်ဂျူဒိုသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ(၃)နာရီက ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲတွင် သင်တန်းသား၊ သင်တန်းသူလေးများက အဆင့်မြင့်ဂျူဒိုစွမ်းရည်များပြသကြပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးဝင်းအောင်က နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်ရခြင်း၏ အကျိုးကျေးဇူးများအားပြောကြားကာ ထူးချွန်စွာအဆင့်မြင့် ဂျူဒိုစွမ်းရည်များပြသကြသည့် သင်တန်းသား၊ သင်တန်းသူလေးများအား ဂုဏ်ပြုငွေများချီးမြှင့်ခဲ့သည်။


ဆက်လက်၍ မြို့နယ်ဦးစီးမှူးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ သင်တန်းနည်းပြဆရာအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူလေးများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။ အဆိုပါသင်တန်းအား မေလ(၁၆) ရက်နေ့မှ မေလ(၂၈)ရက်နေ့အထိ (၁၃)ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)